fbpx ၂၀၂၀ ကမ္ဘာလုံးဆိုင်ရာ ပညာရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ အနှစ်ချုပ် (အကျုံးဝင်ခြင်းနှင့် ပညာရေး၊ တစ်ဦးမကျန် ပါဝင်စေရမည်) | UNESCO Regional Office in Bangkok

၂၀၂၀ ကမ္ဘာလုံးဆိုင်ရာ ပညာရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ အနှစ်ချုပ် (အကျုံးဝင်ခြင်းနှင့် ပညာရေး၊ တစ်ဦးမကျန် ပါဝင်စေရမည်)

၂၀၂၀ ကမ္ဘာလုံးဆိုင်ရာ ပညာရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ အနှစ်ချုပ် (အကျုံးဝင်ခြင်းနှင့် ပညာရေး၊ တစ်ဦးမကျန် ပါဝင်စေရမည်)

Global education monitoring report summary, 2020: Inclusion and education: all means all

၂၀၂၀ ကမ္ဘာလုံးဆိုင်ရာ ပညာရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ (အကျုံးဝင်ခြင်းနှင့် ပညာရေး၊ တစ်ဦးမကျန် ပါဝင်စေရမည်) တွင် လူတိုင်းအကျုံးဝင်ပညာရေးကို ဖော်ဆောင်ရာ၌ နိုင်ငံအသီးသီး၏ မတူညီသည့် အခြေအနေ များနှင့် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို ဖော်ပြထားသည်။ ၎င်းတွင် ပညာရေးမှ ချန်လှပ်ခံရနိုင်ခြေရှိသည့်အုပ်စုအမျိုးမျိုး အထူးသဖြင့် မတူညီသည့် သင်ယူလေ့လာသူ တစ်ဦးချင်းရင်ဆိုင်ရသည့် အခက်အခဲအတားအဆီးများနှင့် ချန်လှပ်မှုသည် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး (တစ်ဦးနှင့်တစ်ဦးကြားနှင့် အုပ်စုတွင်းဆက်ဆံရေး)ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စနစ်ပိုင်းဆိုင်ရာများကြောင့် ဖြစ်နိုင်သည်ဟူသော အချက်များပါဝင်သည်။ အဆိုပါ စိန်ခေါ်မှုများကို သက်ဆိုင်ရာအခန်းများတွင် ၁)ဥပဒေနှင့် မူဝါဒများ ၂)  အချက်အလက်များ ၃) အုပ်ချုပ်ပုံနှင့် ဘဏ္ဍရေး ၄) သင်ရိုးညွှန်းတမ်း၊ ပြဌါန်းစာအုပ်နှင့် စစ်ဆေးအကဲဖြတ်မှု ၅) ဆရာ၊ဆရာမများနှင့် ပညာရေး အထောက်အကူပြု ဝန်ထမ်းများ ၆) စာသင်ကျောင်းများနှင့် ၇)  ကျောင်းသူ၊ ကျောင်းသားများ မိဘများနှင့် ရပ်ရွာလူထု စသည်ဖြင့် အပိုင်း (၇) ပိုင်းခွဲ၍ ဖော်ြပထားပြီး ကိုဗစ် ၁၉ ကာလတွင် ၎င်းစိန်ခေါ်မှုများက မည်သို့ သက်ရောက်စေ ခဲ့သည်ကို အခန်းတိုဖြင့် အထူးဖော်ပြထားသည်။

၂၀၃၀ ခုနှစ် မျှော်မှန်းချက်များကို ခြောက်လှန့်နေသော အကျုံးဝင်မှုဆိုင်ရာ အတားအဆီးများနှင့် ပြဿနာများ၏ ရင်းမြစ်ကို ထည့်သွင်းစဉ်းစား အကျုံးဝင်စေရေးဆိုင်ရာ အကြံပြုချက် ၁၀ ချက်ကိုလည်း ထည့်သွင်း ဖော်ပြထားသည်။

PEER ဝက်ဘ်ဆိုဒ် တွင် နိုင်ငံတစ်ခုချင်းစီ၏ ပညာရေး အကျုံးဝင်မှုဆိုင်ရာ အချက်အလက်များကို စုစည်းထားပြီး၊ SDG 4 ဆိုင်ရာကိစ္စများအပေါ်တွင် နိုင်ငံအချင်းချင်း လေ့လာသင်ယူခြင်းကိုပံ့ပိုးရန်နှင့် ဒေသတွင်း မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို အားပေးမြှင့်တင်ရန် ရည်ရွယ်သည်။ SCOPE tool က SDG 4 ဆီသို့ ဦးတည်နေသည့် အဓိက လမ်းကြောင်းများကို ဝေမျှရန်နှင့် စာဖတ်သူများအား ပထမဆုံးအကြိမ်အဖြစ် SDG 4 ၏ အဓိက စောင့်ကြည့် လေ့လာရေးအညွှန်းကိန်း အချက်အလက်များကို ကိုယ်တိုင်ထိတွေ့လုပ်ဆောင်နိုင်စေသည်။

 

Download iconView / Download FULL TEXT

 

Publication date